ကျနော်တို့ Dial-up connection နဲ့ internet သုံးကြတဲ့အခါ အဆင်မပြေရင် ကွန်ပြူတာကနေ Error နံပါတ်တွေ ပေါ်လာတတ်ပါတယ်။ သုံးဖူးသူတိုင်းလည်း ကြုံဖူးကြမှာပါ။ "မျိုးသူရ" ရဲ့စာအုပ်တစ်အုပ်မှာ အဲဒီ Error နံပါတ်တွေနဲ့ ပတ်သတ်ပြီး ဖတ်လိုက်ရလို့ ပြန်ပြီး လက်ဆင့်ကမ်းလိုက်တာပါ။
Error 680 :There is no dial-tone
(1)Phone လိုင်းကြိုးကို modem နှင့် မိမိရရ ချိတ်ဆက်မထားခြင်း၊
(2)Phone လိုင်းတွင် dial-tone (တယ်လီဖုန်း လက်ကိုင်ခွက်မလျင် ကြားရသော အသံရှည်) မရှိခြင်း၊
(3)Modem ချွတ်ယွင်းနေသဖြင့် phone လိုင်းရှိ dial-tone ကို detect မလုပ်နိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။
Error 650 :Modem not responding
(1)RNAAPP ဟုခေါ်သော program က modem port ကို open ဖြစ်လျှက် ကျန်နေစေခဲ့ခြင်း၊
(2)Dial-up connection တွင် တစ်စုံတစ်ခု ချွတ်ယွင်းနေခြင်း ကြောင့်ဖြစ်နိုင်ပါတယ်။
Error 630 :The port was disconnected due to hardware failure / modem not response
(1)Modem သည် hang ဖြစ်နေခြင်း။
(2)Modem ကို ပါဝါပေးမထားခြင်း၊ ကွန်ပြူတာနှင့် သေချာ ချိတ်ဆက်မထားခြင်း၊
(3)ပြုလုပ်ထားသော dial-up connection တွင် ရွေးချယ်ထားသော modem မှန်ကန်မှု မရှိခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။
Error 676 :The line is busy, try again later
(1)Phone နံပါတ်မှားယွင်းပြီး dial လုပ်မိခြင်း၊
(2)Phone လိုင်း busy ဖြစ်နေပြီး လိုင်မအားသောအချိန် ဖြစ်နေခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။
Error 678 :There is no answer
(1)Phone နံပါတ်မှားယွင်းပြီး dial လုပ်မိခြင်း၊
(2)သင်၏ modem သည် ISP ၏ modem နှင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း Hand-shake မပြုလုပ်နိုင်ခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။
Error 718 :PPP Time out
(1)သင်၏ modem သည် ISP နှင့် ချိတ်ဆက်မှု ရပြီးနောက် username နှင့် passwords တို့ကို ပို့လွှတ်ချိန်တွင် Remote server ဘက်မှ အချိန်အတိုင်းအတာ တစ်ခုအတွင်း respond ပြန်မလုပ်ခြင်း၊
(2)Telephone လိုင်း၏ quality အားနည်းခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။
Error 691 :Access denied because username and passwords is invalid on the domain
(1)Password မှားနေခြင်း၊
(2)user ID (username) အသုံးပြုခွင့် ကုန်ဆုံးပြီး expire ဖြစ်နေခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top