လူသုံးအများဆုံး Search Engine ကြီးတစ်ခုဖြစ်တဲ့ Goolge မှာ ပုံတွေရှာဖွေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ နောက်တစ်နည်းအနေနဲ့ ပုံတွေထဲကမှ မျက်နှာတွေကိုပဲ သီးသန့်ရှာဖွေပေးနိုင်ပါသေးတယ်။ Google ရဲ့ စွမ်းဆောင်ချက်ကတော့ ကမ်းကုန်လွန်းလှပါတယ်။ စမ်းပြီး လုပ်ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ Google image searh ကိုဖွင့်လိုက်ပါ။ Text Box ထဲမှာ Microsoft ဆိုတဲ့စာသားလေးကို ရိုက်ပါ။ ပြီးရင် search လုပ်ခိုင်းလိုက်ပါ။ အဲဒီအခါမှာ microsoft နဲ့ ပက်သက်တဲ့ image တွေကိုလာပြလိမ့်မယ်။ လာပြတဲ့ result ထဲမှာ လူပုံတွေ၊ logo တွေ၊ ကြော်ငြာတွေလည်း ပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့က face ကိုပဲ သီးသန့်ကြည့်ချင်တာဆိုတော့ address bar က address ရဲ့နောက်ဆုံးမှာ &imgtype=face ဆိုတာလေးကို ထည့်ပေးလိုက်ပါ။



ပြီးရင် enter ခေါက်ပြီး ထပ်ရှာတဲ့အခါမှာ မျက်နှာတွေချည်း သီးသန့်ပါတဲ့ result တွေကို တွေ့ရပါလိမ့်မယ်

Post From cmsmdy.blogspot.com မှ ကူးယူဖော်ပြပါသည်

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top