Memory Card ဆိုတာတော့ မှတ်သားနိုင်တဲ့ မှတ်ဥာဏ်အပြားလေးလို့ တိုက်ရိုက် ဘာသာပြန် လိုပါကလည်း ပြန်နိုင်ပါရဲ့ဗျာ …
သူ့အထဲမှာ မော်တာလို လှုပ်ရှားနေတဲ့ အစိတ်အပိုင်း တွေမပါဝင်ဘူးလေ … ဒါကြောင့်လဲ တစ်ချို့က သူ့ကို Solid State လို့ခေါ်ပါ တယ်..။
ကွန်ပျူတာသုံးဝေါဟာရ အနေနဲ့တော့ non volatile computer memory storage လို့ သုံးနှုန်းပါတယ်…။
အဲဒီ ကဒ်တွေဟာ လျှပ်စစ်ဓါတ်အား ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အချက်အလက်များကို သိုလှောင်သိမ်းဆည်း နိုင်တဲ့ ပစ္စည်းလေးတွေပါ ..။
အချက်အလက်များကို ထည့်သွင်းလိုလျှင် ၊ သို့ မဟုတ် ဖျက်လိုလျှင်တော့ electronic ကိုအသုံးပြုပြီး ပြုပြင်ပြောင်းလဲမှုများ ပြုနိုင်ပါတယ်.။
ယင်းကဒ်များကို အသုံးပြုဖို့အတွက်တော့ လျှပ်စစ်စွမ်းအင်အများကြီးမလိုပါဘူး … မန်မိုရီကဒ်များကို အများအားဖြင့် notebook , digital camera အစရှိတဲ့ပစ္စည်းမျိုးတွေမှာ ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။
လက်ရှိတွေ့နိုင်တဲ့ memory card အမျိုးအစားများကတော့ SD card, mini sd card, micro SD card, MMC card, SDHC Card, Compact Flash card, Sony Memory Stick, Memory Stick Pro, Memory Stick Duo, smart media card, XD Card စသဖြင့် ဖြစ်ပါတယ်။ Memory Card အများစုသည် Static Electric Charges ကို မခံနိုင်ကြပါဘူး။ လျှပ်စစ်ကြောင့် ပျက်စီးလွယ်တယ်ပဲ ဆိုပါတော့ဗျာ … Website တစ်ခုထဲမှာ ဖတ်မိတာကတော့ 30 volts လျှပ်စစ်ဓါတ်အားသည် Memory Card များကို ပျက်စီးစေနိုင်ဖို့ လုံလောက်တဲ့ လျှပ်စစ်ဓါတ်အားဖြစ်ပါသည် တဲ့။
Memory Cards များရဲ့ အမြန်နှုန်းကိုတော့ X- Speed Performance နဲ့ တိုင်းတာကြပါတယ် … ဥပမာဆိုရင် 1X, 12x, 24x, 32x, 50x စသဖြင့်ပေါ့ဗျာ … အဲဒါဟာ ခင်ဗျားရဲ့ Memory Card မှာ တစ်စက္ကန့်မှာ ဘယ်လောက် မဂ္ဂါဘိုက် နဲ့ ရေးသားနိုင်တယ်ဆိုတာကို ဖော်ပြပေးထားတဲ့ အညွှန်းကိန်းပဲဖြစ်ပါတယ် ။သူ့ကို တွက်တဲ့ ပုံသေနည်းကတော့ X = 150 Kbps ဖြစ်ပါတယ် အဲဒါဟာ 1x ရဲ့ တစ်စက္ကန့်မှာ ဒေတာ သယ်ပို့ နိုင်တဲ့ ပမာဏပဲဖြစ်ပါတယ် ။ စီဒီ / ဒီဗွီဒီ တွေပေါ်မှာ တွေ့ရလေ့ရှိတဲ့ 48X, တို့ 52X တို့နဲ့ တူတူပါပဲ …
ဆိုပါတော့ ( 50X ) လို့ရေးထားရင် ( 50 x 150 = 7500 Kbps = 7.5 Mbps ) ဖြစ်ပါတယ်
အဟဲ အတိအကျတော့ မဟုတ်ဘူးနော်…။
အခုဆိုရင် Memory Cards တွေရဲ့ အမြန်နှုန်းဟာ 133 X အထိ ရောက်နေပြီး ဖြစ်ပြီးတော့
ဝင်ဆံ့နိုင်တဲ့ ပမာဏကတော့ 32 Gb အထိ ရှိပါတယ် …။
(နောက်မှဆက်ရေးပါအုံးမယ်)

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top