ကွန်ပျူတာ memory လို့ ဆိုပြီ်း non-volitile Random Access Memory နဲ့ Volitile Random Access Memory ကနေ စပြီးပြောပါမယ်။ Volitile ဆိုတာကို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် အငွေ့ပျံလွယ်သော လို့ အဓိပါယ်ပေါက်ပါတယ် …။
ဒါဆိုရင် Non-Volitile နဲ့ Volitile တို့ဆိုတာတွေက အငွေ့ပျံလွယ်တာ နဲ့ အငွေပျံမလွယ်တဲ့ ကွန်ပျူတာမှတ်ဥာဏ်တွေပေါ့ …. အဲဒီလိုတော့ မထင်လိုက်ပါနဲ့ဗျာ …. တကယ့်လက်တွေ့မှာတော့ အငွေ့ပျံတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ရပါဘူးခင်ဗျား …
မီးပိတ်ခဲ့ရင် သို့မဟုတ် ပါဝါပြတ်တောက်သွားခဲ့ရင် အထဲမှာ သိမ်းမှတ်ထားတဲ့ အချက်အလက်တွေ ပျောက်သွားတဲ့ အမျိုးအစားနဲ့ မပျက်စီး ၊ မပျောက်ဆုံးပဲ ရှိနေတဲ့ အမျိုးအစားဆိုပြီး ခွဲခြားထားတာ ပဲ ဖြစ်ပါတယ် ခင်ဗျား …။

Random Access Memory အကြောင်း
Random Access Memory ဆိုတာကတော့ ကြုံရာ ကျပမ်း ဒေတာတွေကို ရေးနိုင်မှတ်နိုင်တယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ဒေတာ တွေကို ရေးဖတ်ဖို့ နေရာတစ်ခု သီးခြားပေးထား(သို့) သတ်မှတ်ပေးထားစရာမလိုတဲ့ သဘောဖြစ်ပါတယ်။ အထက်တုန်းက ကျွန်တော်ပြောခဲ့တဲ့ နှစ်ခု တည်းသော အုပ်စုတွေကို အခု ပြန်ရှင်းပြပါအုံးမယ်… Non – Volitile အုပ်စုဝင်အမျိုးအစားကို Rom ( Read-Only Memory ) လို့ ခေါ်ပါတယ် ဥပမာဆိုရင်တော့ဗျာ .. CD-Rom, DVD-Rom တွေပေါ်က အချက်အလက်တွေကိုခေါ်ပါတယ် …။ အဟီး … အခုဆိုရင်တော့ မဟုတ်တော့ဘူးဗျ …
DVD-RW အချပ်တွေပေါ်နေလို့လေ ဟိဟိ။ ကောင်းပါပြီ ကျွန်တော် အခု အတည်ပြောပါမယ်
အရင်တုန်းက CD-Rom , DVD – Rom လို့ ခေါ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ CD-RW
DVD-RW တွေပေါ်လာတဲ့အခါတော့ အဲဒီ အဓိပ္ပါယ်သက်ရောက်မှုက လွဲသွားပြီလေ … အခုဆိုရင် အဲဒီ Rom တွေအပေါ်မှာဘဲ ပြန်ရေးပြန်ဖတ် အလုပ်တွေကို လုပ်နေကြပါပြီ ….
ကောင်းပြီ … ဒါဆို အရင်တုန်းကရော ဘယ်လို ရေးခဲ့ ဘယ်လိုဖတ်ခဲ့သလဲ လို့ ကျွန်တော့်ကို မေးစရာရှိမယ်ဆိုရင်တော့ .. အရင်က Rom တွေကို ဖျက်ချင်ရင် Ultra Violet Ray လို့ခေါ်ကြတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ 24 နာရီလောက်ထိုးပေးထားမှ ဖျက်ပြီးပြန်ရေးဖို့ သီးခြား device တစ်ခု လိုပါတယ်။ အဲဒီ Rom တွေကို အများဆုံးတွေ့ရမှာကတော့ bios တွေမှာ ဖြစ်ပါတယ် ။ ( အဟဲ ကိုတာ့နှယ် တစ်ဆိတ်ရှိ bios ပဲပြောပြောနေတာပဲ လို့ အပြောမစောလိုက်ပါနဲ့ ) ရှင်းပြချင်တဲ့ စေတနာပါ … Rom အုပ်စုတွေကိုဘဲ အမျိုးအစားခွဲကြည့်လိုက်ရင် PROM ( Programmable Read Only Memory), EPROM ( Erasable PROM ) , EEPROM (Electrically erasable PROM ) တို့ဆိုပြီး အကြမ်းဖျင်း ခွဲခြားနိုင်ပါရဲ့
BIOS တွေကို အခုနောက်ပိုင်းဘုတ်တွေမှာ တော့ Flash Bios လို့ ခေါ်တာက သူက
EEPROM တွေသုံးပြီး တည်ဆောက်ထားလို့ဖြစ်ပါတယ် နောက်ပြီး သူ့ကို စပယ်ရှယ်ဆော့ဖ်ဝဲ ပရိုဂရမ်သုံးပြီး ပြန်ရေးနိုင်တဲ့အတွက် Upgrade လုပ်လို့ရနိုင်စေတာဖြစ်ပါတယ် ။ ကောင်းပြီ …
Rom တွေက မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်ပါသလား … ဟင့်အင်း မလုပ်ပေးနိုင်ပါဘူး…
သူတို့ဟာ RAM တွေထက် ပိုပြီး နှေးလေ့ရှိပါတယ် …။
အခု Rom ပြီးတော့ Ram တွေကို အမျိုးအစားခွဲကြည့်ပါမယ် … Ram တွေကို အမျိုးအစား ခွဲပြီး လေ့လာကြည့်ရရင် သူ့မှာ အုပ်စုနှစ်ခု ကွဲထွက်သွားပါတယ် ။ ဒါကတော့
Static Ram နဲ့ Dynamic Ram ဆိုတဲ့ အုပ်စု နှစ်ခု ဖြစ်ပါတယ် … အဲဒီ Static နဲ့ dynamic နှစ်မျိုးစလုံးမှာ ဒေတာတွေ ပို့လွှတ် (သို့) လက်ခံ ဖို့အတွက် ပါဝါ ( လျှပ်စီး ) အဆက်မပြတ် ပို့လွှတ်ပေးနေဖို့ လိုအပ်ပါတယ် ..။ Non Volatile အုပ်စုထဲမှာ NVRAM ( Alon-Volitlie Ram) တွေဟာ အဓိက နေရာက ပါဝင် နေပြီး ဟာ့ဒ်ဝဲတွေလိုမျိုး Random Access လုပ်နိုင်ပါတယ် .. DRAM တွေထက် ဈေးပိုကြီးသလို အမြန်နှုန်းလဲ ပိုမြင့်ပါတယ် ကျန်တဲ့ DRAM တွေက ကွန်ပျူတာတွေမှာ အသုံးများပြီး လူအများစု သိထားကြတဲ့ System Memory ဆိုတဲ့ ( RAM ) အမျိုးအစားတွေပဲ ဖြစ်ပါတယ် …။
NVRAM ( အစော ပိုင်း သုံးခဲ့တဲ့ မန်မိုရီ )
ဟိုးရှေးခေတ်တုန်းကပေါ့ဗျာ … အဟီး ဗာရာဏသီ ခေတ် ဒီဘက်ခေတ်ပေါ့ … အဲဒီခေတ်ကာလမှာ ကွန်ပျူတာမန်မိုရီ အတွက် system အမျိုးမျိုးသုံးစွဲခဲ့ကြပါတယ် …။ 1960 ပြည့်နှစ်ကဆို ကွန်ပျူတာအတွက် Magnetic Core Memory တွေကို သုံးခဲ့ပြီး Data တွေ သိမ်းခဲ့ကြပါတယ် အဲဒီ Core Memory တွေဟာ ပါဝါ ဖယ်ထုတ် ပြတ်တောက်သွားပေမယ့်လဲ
အဲဒီ သံလိုက်တုံးလေးတွေရဲ့ အခြေအနေဟာ ပြောင်းလဲမသွားဘဲ သူတို့ကိုယ်စားပြု ဖော်ပြပေး နေတဲ့ အခြေအနေကို ဆက်လက်ထိန်းသိမ်းပေးထားနိုင်လို့ non volatile အုပ်စုထဲက memory မျိုးတွေဖြစ်ပါတယ်
လျှပ်ကူးပစ္စည်းထုတ်လုပ်မှု တိုးတက်ခြင်းတွေဖြစ်ခဲ့ပြီးတဲ့ ( Semiconductor Fabrication ) ပေါ့ဂျာ … အဲဒီခေတ် 1970 ပြည့်နှစ်လောက်မှာ မျိုးဆက်သစ် Solid State Memory ထုတ်လုပ် နိုင်ခဲ့ပါတယ်။ အဲဒီကနေ အစပြုခဲ့တဲ့ နောက်ပိုင်း ဒီနေ့ခေတ် ကုန်ကျစရိတ် သက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ DRAM တွေ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ် DRAM တွေဟာ ဒီနေ့ခေတ်ကွန်ပျူတာအားလုံးနီးပါးမှာ စနစ် မန်မိုရီ အဖြစ် သုံးစွဲနေကြပါတယ် DRAM တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီးပေမယ့်လည်း non volatile Memory တွေကလည်း သူ့နေရာနဲ့သူ အသုံးတော့ဝင်နေဆဲပါ ဘာလို့လဲဆိုတော့ ဟုတ်တယ်လေ ခင်ဗျား အချက်အလက်သယ်ယူဖို့အတွက် အဆက်မပြတ်တဲ့ လျှပ်စစ် ဘယ်ကရမလဲနှော် …ထားပါ
DRAM တွေရဲ့ အားနည်းချက်က အဲဒါပဲ သူက ပါဝါ အဆက်မပြတ်ပေးထားဖို့လိုအပ်ပြီး ပါဝါနိမ့် တဲ့ ပစ္စည်းတွေအတွက် ပြဿနာရှိနေဆဲပါ ။ ဟိုးအရင်ခေတ်က Ram module တွေဟာ ဒီနေ့ခေတ် Ram Module တွေလိုမဟုတ်ဘဲ mother Board ပေါ်မှာ အတန်းလိုက် တပ်ဆင်ထားရပါတယ် ကြည့်ချင်ရင် intel 80386 board တွေ မှာ ကြည့်ပါ
နောက်ပိုင်းမှာတော့ စိတ်ကြိုက်ပြုပြင်ထုတ်လုပ်ထားတဲ့ Custom Rom တွေကို ထုတ်လုပ်ပြီး အဲဒီပြဿနာကို ရှင်းခဲ့ကြပါတယ် ..။မီးပိတ် ပါဝါပြတ်တောက်မသွား အာင်လုပ်နိုင်ခဲ့ပေမယ့် တစ်ကြိမ်သာ ရေးနိုင်ခဲ့ပါတယ်။ ဒိုင်အုပ် တွေကို စီးရီးလိုက် ထည့်သွင်းထားပြီး အသေပိတ်တပ်ဆင်ထားတဲ့ ၀ါယာကြိုးတွေက တစ်ဆင့် ဒေတာတွေကို ရယူနိုင်ပါတယ် တစ်ကြိမ်ပဲ ရေးသားဖြန့်ချိနိုင်တဲ့အတွက် bios လိုမျိုး update လုပ်ဖို့လိုလာတဲ့ အခါမျိုးမှာ Rom chip တစ်ခုလုံးကို ဖြုတ်-တပ် လဲလှယ်ရပါတယ် …။ အဲဒီပြဿနာကို ဖြေရှင်း ပေးခဲ့တဲ့ သူရဲကောင်းကတော့ PROM ဖြစ်ပါတယ် end users တွေကနေ လျှပ်စစ်ဓါတ်အား သုံးကာ ရေးသားနိုင်စေပါတယ်။ PROM တွေမှာလည်း ဒိုင်အုပ် တွေကို စီးရီးလိုက်သုံးစွဲ ထားတာ ဖြစ်ပါတယ်။ အစပိုင်းမှာ ဒိုင်အုပ်တွေအားလုံးကို တန်ဖိုးတစ်ခုထဲမှာပဲပေး ထားပါတယ်။ ဥပမာဗျာ .. ဒိုင်အုပ်အားလုံးကို (၁) မှာပဲထားထားတယ် အဲဒီမှာ ပုံမှန်ဓါတ်အားထက် ပိုပြင်းတဲ့ ပါဝါ တစ်ခုပေးလိုက်ရင် အဲဒီဒိုင်အုပ်က လောင်သွားပြီး (၀) ဖြစ်သွားစေပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေကို update လုပ်ဖို့အတွက် ကုမ္ပဏီတော်တော် များများဟာ PROM တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာပါတယ်။ PROM တွေကို အများဆုံးအသုံးပြုခဲ့ကြတာတော့ ဂိမ်းစက်တွေမှာဖြစ်ပြီး 1980 ခုလောက်အထိ အသုံးများ ခဲ့ပါတယ်။
Ram တွေလိုပဲ စွမ်းဆောင်ပေးနိုင်ပြီး ဒေတာတွေကို ထိန်းသိမ်းပေးနိုင်ဖို့ လိုအပ်လာတဲ့ အတွက် ပုံမှန်သုံးနေကျ Ram တွေကိုပဲ ဓါတ်ခဲအားသွင်းပေးထားပြီး သုံးစွဲတဲ့ နည်းလမ်းကိုလည်း ပြောင်းလဲသုံးစွဲလိုက်ကြပါသေးတယ်။ အစောပိုင်းကွန်ပျူတာတွေဖြစ်တဲ့ apple machintosh ကွန်ပျူတာတွေမှာ ပမာဏသိပ်မများတဲ့ memory တွေကို နာရီဓါတ်ခဲ လေးသုံးပြီးပါဝါပေးခဲ့ပါတယ်။ အဲဒါက ဒီနေ့ခေတ်မှာထိ bios ကနေ ဘယ် device ကို boot လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်လို အချက်အလက်မျိုးတွေ သိမ်းဆည်းထားနိုင်စေပါတယ်။ battery ကနေ ပါဝါ backup လုပ်ပေးထားတဲ့ memory တွေကို မြန်နှုန်းမြင့် database တွေ အတွက် cache အနေနဲ့ သုံးစွဲခဲ့ပါတယ်။ စွမ်းဆောင်ရည်မြင့် လိုအပ်တဲ့ device တွေအတွက်တော့ လုံလောက်အောင်စွမ်းဆောင်မပေးနိုင်ခဲ့ရှာပါဘူး …။
( Reference : PCworld )

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top