ဒီနေ့ ကျွန်တော့် ဆိုင်ကို Toshiba notebook တစ်လုံးလာအပ်တယ်ဗျာ ... Cmos password ခံနေလို့တဲ့ User က .. အင်း အဲ့ဒါက သူ့အတွက် အကျိတ်အခဲ ဖြစ်နေတယ်တဲ့လေ .. ကျွန်တော်လဲ ဒါလေးများဗျာပေါ့ .. အဟဲ .. battery လေး ဖြုတ်ပြန်တပ် အိုကေပေါ့ .. ထင်ထားတာ .. ရ၀ူးဗျာ .. အဲ့ဒါနဲ့ cmos killer တို့ Parallel port short ကုနည်း တို့ စုံနေတာပဲ လုပ်ကြည့်တယ် အဆင်မပြေဘူး
တုပ်တုပ်တောင် မလှုပ်ဘူး .. ထပ်စဉ်းစားတယ် .. Bios Update လုပ် ရင်ရောပေါ့ ... Cmos ရဲ့ Settings တွေကို Default အတိုင်း သူပြန်ထားမှာပဲပေါ့ .. လုပ်ကြည့်တယ် ... မောင်မင်းကြီးသားက တုပ်တုပ်မလှုပ်ဘူး .. Backdoor Passwords တွေလဲ ရိုက်ထဲ့တယ် ..
မရပြန်ဘူး .. ချွေးပြန်ရော လူကို .. ဒါနဲ့ နောက်နေ့ပြန်ချိန်း ပြီးတော့ Toshiba site ထဲမှာ ဖွရတာပေါ့ .. ဘာလို့မရလဲပေါ့ ..
နောက်တော့မှ .. ဆော့ဖ်ဝဲလေး တစ်ခု ပြန်ပေးလိုက်တယ် Toshiba က .. အဲ့လို ကြုံလာမဲ့ သူတွေလဲ သုံးလို့ရအောင် တင်ပေးလိုက်တယ် ..
သူ့ဆော့ဖ်ဝဲနဲ့ သူ့စက်နဲ့တော့ အိုကေပဲလေ ... ဆော့ဖ်ဝဲက Dos Ver အတွက်ပါ .. ကျွန်တော်ကြုံတဲ့ အခြေအနေက ၀င်းဒိုးတော့တတ်တယ်လေ .. တကယ်လို့ ၀င်းဒိုးမတတ်တဲ့ အခြေအနေကြုံနေမယ့် User များအတွက်တော့ F12 နဲ့ boot device ချိန်းလို့ရပါတယ် .. အဲ့မှာ Hiren's Bootcd ထဲ့ပီး Run ကြပါ .. Flopply တစ်ချပ်လဲ လိုပါမယ် .. အသေးစိတ်သိချင်ရင်တော့
Mail ပို့မေးပါ ..
ဒီမှာဒေါင်းပါ

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top