နာမည်က Format Factory ပါ ... သူက ဗွီဒီယို ဖောမက် အစုံ (တကယ့်ကို အစုံပါ) အော်ဒီယို ဖောမက်အစုံ နဲ့အတူ ဗွီဒီယိုကနေ ဓါတ်ပုံထုတ်ယူမလား ... Gif လို့ခေါ်တဲ့ Animation file ထုတ်ယူမလား ဒါမှမဟုတ် Split လုပ်အုံးမလား join မလား တကယ့်ကို အစုံလုံး လုပ်ပေးနိုင်တဲ့ဆော့ဖ်ဝဲပါ .. အရမ်းကောင်းပါတယ်
သုံးရတာလဲ ရိုးရှင်းလွယ်ကူပြီး .. အစွမ်းထက်လှတဲ့ ဆော့ဖ်ဝဲပါ .. အရင့်အရင် သုံးခဲ့ဖူးတဲ့ Converter တွေလို ပြောင်းနေရင်းနဲ့
Ram Loss ဖြစ်ပီး .. ထစ်တာမျိုးတွေ .. ဖိုင်ရဲ့ နောက်ဆုံးအကွက်တွေမပါလာတာမျိုးတွေလုံးဝ မဖြစ်ပါဘူး .. အရည်အသွေးနဲ့ ဖိုင်ဆိုဒ်ကိုလဲ
စိတ်ကြိုက် ရွေးချယ်ပေးနိုင်သေးတယ်လေ ... ပိုကောင်းတာတစ်ခုက အခု ခေတ်စားနေတဲ့ mobile handset အစုံရဲ့ brand တွေနဲ့အတူ
model အလိုက်အတွက် လဲ ရွေးချယ်ပြောင်းလဲပေးနိုင်တဲ့ All in One Converter လို့ပဲ ညွှန်းချင်မိတယ်ဗျ ...
သူ့ရဲ့ Mother site ကနေပဲ ဒေါင်းဖို့ညွှန်းချင်ပါတယ် .. ဒါမှ ဗိုင်းရပ်စ် ကင်းမှာမို့ပါ ... http://www.pcfreetime.com/download.html
အဲ့ဒီလင့်ခ် ကို ကလစ်ပီး ဒေါင်းယူနိုင်ပါတယ် ... ( တခြား Upload Site တွေမှာ တင်မပေးတာက ဗိုင်းရပ်စ် ကင်းစေလိုတဲ့စေတနာနဲ့ပါ ...
အော် .. ကြုံတုန်းလေး တစ်ခု ပြောခဲ့အုံးမယ်ဗျ .. Software တစ်ခု ကို ဒေါင်းချင်ရင် သူ့ရဲ့ mother Site ကနေ ဒေါင်းဖို့အကြံပေးလိုပါတယ် .. blogger တစ်ချို့ရဲ့ Upload Site တွေမှာ တင်တာတွေက အတော့်ကို စိတ်မချရလို့ပါ ... :P အဟဲ ကိုယ်တွေ့မို့လေ ) .. ကဲဗျာ အဆင်ပြေကြပါစေ ...

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top