ဒီပို့စ်ကိုတော့ အပိုင်းခွဲပြီး တင်ဖြစ်မယ်ထင်တယ်ဗျ .. ကျွန်တော်ကလဲစာရေးရတာ သိပ်ပျင်းတဲ့ကောင်လေ
တင်ချင်လွန်းလို့သာ ရေးလိုက်ရတာဗျ ...ကြုံဖူးကြမှာပါ Cell Phone တွေမသုံးဖြစ်ကြခင်က ဖုန်းစာအုပ်လေးတွေမှာ ABCD index လေးတွေပါတယ်လေ .. ဒါပေမယ့် မှတ်တဲ့အချိန်မှာ အလောသုံးဆယ်နဲ့ စနစ်တကျ မမှတ်မိခဲ့ရင် ပြန်ရှာတဲ့ခါ အတော်ဒုက္ခရောက်တာကလား... စာရွက်ပေါ်မှာ လက်နဲ့ရေးထားတာဆိုတော့ ကွန်ပျူတာလိုလဲ A to Z စီပေးပါလို့ ခိုင်းလို့မရ... မှတ်သားတဲ့နေရာမှာ ဘုရင်တစ်ဆူ ဖြစ်လာတဲ့ ကွန်ပျူတာတောင်မှ သူ့ရဲ့ Database တွေမှာ ဘယ်လို information လိုချင်လဲ ဆိုတာပေါ်မှာ အခြေခံပြီးမှ Database Design ထုတ်ပါလို့ အကြံပေးကြတယ်လေ .. Query ပေါ်မှာ အခြေခံပြီးမှ Table Design ကိုစဉ်းစားကြပါပေါ့ .. မဟုတ်ရင်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ Garbage in Garbage OUt အမှိုက်သွင်းရင် အမှိုက်ပဲထွက်မယ် ဆိုတဲ့အခြေအနေမျိုးကြုံတွေ့နိုင်ပါတယ် ...
ဟုတ်ပါတယ် .. မှတ်ပါတယ်ဆိုမှတော့ ကျုပ်တို့အလွယ်တကူ ပြန်ရှာတွေ့နိုင်အောင် မှတ်တာပေါ့ဗျ ...
CPU ထဲမှာတောင်မှ သူ့မှာပါတဲ့ Register တွေကို AX,BX,CX,DX ဆို နာမည်ပေးပြီးသားလေ .. ဒါမှ အလွယ်တကူ ရေးဖတ် နိုင်မှာပေါ့ ... ဥပမာဗျာ ..
Register A ပေါ်ကို Hexadecimal number 3F တင်လိုက်ပါလို့ခိုင်းမယ် ခိုင်းလို့လွယ်ပါတယ် ..
Assembly language အနေနဲ့ဆိုရင်တော့ဗျာ mov AX, 3F ပေါ့ CPU ရဲ့ Register အရေအတွက်က နည်းနည်းပဲရှိတာဆိုတော့ ဒီလို လွယ်လွယ်လုပ်လို့ရနိုင်ပေမယ့် CPU အပြင်ဘက်မှာရှိတဲ့ Ram ကိုကျတော့
ီလို သွားလုပ်လို့မရတော့ဘူးလေ ...

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top