Hacker ဆိုတာတော့ အရင်းအတိုင်း ဘာသာပြန်ရရင် ကွန်ပျူတာကို ကျွမ်းဝင်စွာ အသုံးပြုသူ လို့ပဲ
အဓိပ္ပါယ်ရပါတယ်
ကျွန်တော်ကတော့ သူတို့တွေကို အမျိုးအစား သုံးမျိုးခွဲခြားမြင်ပါတယ်
1။ Black Hacker
2။ White Hacker
3။ Gray Hacker ဆိုပြီးပေါ့
ကလေးတွေလိုပြောရရင်တော့

Black ကတော့ လူဆိုးပေါ့
White ကတော့ လူကောင်းပေါ့
Gray ကတော့ စိတ်ဖောက်ရင် လူဆိုး ကျန်အချိန်လူကောင်းပေါ့

နဲနဲပိုပြီး တိတိကျကျခွဲထုတ်လိုက်ရအောင်

Tools User Hacker : Script Kiddes လို့လဲ ခေါ်ပါတယ် .. နည်းပညာဗဟုသုတ နောက်ခံမရှိပဲ သူများအဆင်သင့်လုပ်ထားတဲ့ Tools လေးတွေ သုံးတတ်ရုံနဲ့ သူတို့ကိုယ်သူတို့ Hacker လို့အမည်ခံယူသူတွေပါ ။

Intermediate Hacker : သူတို့ကတော့ နည်းပညာဗဟုသုတ နောက်ခံရှိတယ် ..Programming ကိုလည်း ထိုက်သင့်သလောက်တော့ တတ်တယ် ။ ဘယ် tools တွေ Script တွေ က ဘယ်လိုအလုပ်လုပ်တယ် ။ နာမည်ရှိပြီးသား Exploit တွေကို ထပ်ဆင့်လေ့လာပြီး အားနည်းချက်အသစ်ကို ရှာကြတယ် ။

Elite Hacker : သူတို့ကတော့ Hacking Tools တွေ ရဲ့ အရင်းအမြစ်ပါပဲ ။ Hacking Tools တွေကိုရေးကြတယ် ။ Exploit အသစ်တွေ ရှာ ကြတယ် ။ နောက်ပြီး System တစ်ခုကို လုံးဝ ခြေရာလက်ရာ မကျန်အောင် ၀င်နိုင်ထွက်နိုင်ကြတယ် ။

အဲ့ဒီ Hacker တွေနဲ့ တွဲရက် ကတော့ Security လို့ခေါ်တဲ့ လုံခြုံရေးပိုင်းပါ

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top