ကျွန်တော့်မှာ Gmail အကောင့်တွေ တော်တော်များများရှိပါတယ်
ဆိုလိုချင်တာက ဗျာ ... အလကားရတာလဲပါတာပေါ့ ... နောက်တစ်ခုက
အလုပ်တွေအတွက် နာမည် တွေခွဲထားပေးတော့ သိတယ်မဟုတ်လား
ရှင်းရှင်းလေးဖြစ်တာပေါ့
ဒါပေမယ့်ဗျာ မေးလ်စစ်ရင် အမြဲလိုလိုပြဿနာတတ်တတ်ပါတယ်
ကိုယ့်လိုသူများတွေမဖြစ်အောင် ဖိုရမ်တွေထဲမှာ တွေ့သမျှ နဲ့ အင်တာနက်ဂျာနယ်မှာ ပါတာလေး ရှယ်ယာလုပ်လိုက်ပါတယ်

၁။ address bar https://addons.mozilla.org/en-US/firefox/addon/1320 လို့ရိုက်ပါ။

၂။ ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ installn လုပ်လို့ရနိုင်ပါတယ်။

၃။ ပြီးရင် Firefox>tools>addons ကနေ တစ်ဆင့် Gmail manager (.xpi) extension version(0.5.9)

၎။ extension တွေ စုပေါင်းထားတဲ့ box ကြီးထဲမှာ Gmail manager တွေ့ရပြီဆိုတာနဲ့ Option ကိုကလစ်နှိပ်ပြီး ညွှန်ကြား နိုင်ပါ တယ်။

၅။ Browser ရဲ့ status bar ကိုကြည့်မယ်ဆိုရင် Gmail manager icon ကလေးပေါ်နေတာ တွေ့ရပါလိမ့်။

၆။ account တွေကိုလက်ခံနိုင်ဖို့အတွက် account တစ်ခုချင်းစီရဲ့ name နဲ့ paddword တွေကို မှန်မှန်ကန်ကန် ဖြည့်စွပ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

၇။ ပထမဆုံးအနေနဲ့ ‘All account settings’ မှာ Add ကို click နှိပ်ပါ။ Gmail ရဲ့ ပထမ account ဖြစ်တဲ့ (ပင်ကို account) mgmg account ကို username နဲ့ password ဖြည့်ပါ။ ပြီးရင် ဒုတိယ account မောင်မောင်မိသားစု အတွက် account ကို password နဲ့ user name ဖြည့်ပါ။ ပြီးရင် တတိယ account ကိုလည်း ဖြည့်စွက်ပါ။

* တကယ်လို့ ’startup’ option မှာရှိတဲ့ check box ကိုသာအမှန်ခြစ်ထည့်ပေးလိုက်မယ်ဆိုရင် ကွန်ပြူတာကို ဖွင့်တဲ့အချိန်တိုင်းမှာ (အင်တာနက်ကိုအလိုအလျောက်ချိတ်ဆက်ပြီး) Gmail ကို Auto ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကုန် သက်သာ ပါလိမ့်မယ်။

* မလိုချင်တဲ့ account ကိုအလွယ်တကူ ‘Remove’ လုပ်လို့ရနိုင်ပြီး secure ကိုပြည့်ဝစေဖို့လည်းညွှန်ကြားထားနိုင်ပါတယ်။

* ပြီးရင် OK ကို နှိပ်ပါ ( လိုအပ်ရင် Apply ကိုနှိပ်ပေးပါ။ )

၈။ browser ရဲ့ status bar ညာ ဘက်ထောင့်မှာ ဖြည့်စွတ်ထားတဲ့ လိပ်စာတွေ ကို တွေ့မြင်ရပါလိမ့်မယ်။

၉။ စာအိတ်အနီရောင် ‘icon လေးကို Click နှိပ်လိုက်တဲ့အခါမှာ Gmail Manager ရဲ့ function တွေပေါ်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ် “ရွေးချယ်ထားတဲ့ Gmail ” ကိုဖွင့်ပေးဖို့’add’ လုပ်ထားတဲ့ account အကုန်လုံးကိုဖွင့်ပေးဖို့ နှစ်မျိုး ဖြစ်ပါတယ်။

၁၀။ account တစ်ခုချင်းစိမှာရှိတဲ့ မတူညီတဲ့ အရေအတွက်တွေ ကို ပုံမှာပြထားတဲ့အတိုင်းပြင်တွေ့ရပါလိမ့်မယ်။ ’show new mail snippets’ ဆိုတာကတော့ လက်ခံ ရရှိတဲ့ mail တွေမှာ ပါဝင်တဲ့ subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုး ပြသပေးမှာဖြစ်ပါတယ်။

၁၁။ ပြီးရင် browser မှာ ‘tab’ အသစ်တွေ ခေါ်ပါ။ တကယ်လို့ account နှစ်ခုကို တစ်ပြိုင်နက်ထဲဖွင့်ချင်ရင် ‘tab’ နှစ်ခုခေါ်ပါ။ သုံးခုဖွင့်ချင်ရင် ‘tab’ သုံးခုသုံးပါ။

၁၂။ ဒါဆိုရင် browser တစ်ခုအတွင်းမှာမတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gmail manager ကို သုံးစွဲပြီး email စစ်ဆေးရင်း chatting လုပ်လို့ ရနိုင်ပါပြီ။

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top