ကျွန်တော်တို့နိုင်ငံနဲ့ အရမ်းရင်းနှီးပြီး ဒုက္ခလဲတော်တော်ပေးတဲ့ ဗိုင်းရပ်စ် တစ်ကောင်ဖြစ်ပါတယ် သူက .exe .com နဲ့ .scr အစရှိတဲ့ Extension ပါတဲ့ ဖိုင်တွေကို ကူးစက်ပြန့်ပွားပါတယ် ..။ အဲဒီဗိုင်းရပ်စ်လေးက ပြီးရင် ခင်ဗျားရဲ့ Default sharefolder ထဲကို
ကူးမယ် ပြီးရင် ခင်ဗျားကွန်ပျူတာဟာ Network ချိတ်ဆက်ထားတဲ့ ကွန်ပျူတာဆိုပါစို့ ခင်ဗျားရဲ့ network area ထဲကို လဲ ဟိုးအရင် အိုမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ autorun.inf နည်းပညာနဲ့ ကူးစက်စေပါတယ်ပြီးတော့ ခင်ဗျားရဲ့ စက်မှာ အင်စတောလုပ်ထားတဲ့ ဆော့ဖ်ဝဲတွေဟာ မကူးခင်နဲ့ ကူးစက်အပြီးမှာ ပမာဏ 60 Kb ကနေ 80 Kb အထိ ပိုမိုများလာပါမယ် …။ (ခင်ဗျားကတော့ သတိမထားမိနိုင်ပါဘူး )
ဒီဗိုင်းရပ်လေးရဲ့ မူလဇာစ်မြစ်ကတော့ သူက ထိုင်ဝမ်သားလေးခင်ဗျ …။ သူ့ကို pedmeo222nb.info, pzrk.ru, technican.w.interia.pl, www.kjwre9fqwieluoi.info စတဲ့
ဆိုဒ်တွေမှာ ပါဝင်နေတာတွေ့ရမှာပါ …
အခုဆိုရင် ဒီကောင်လေးဟာ … ခင်ဗျားကွန်ပျူတာရဲ့ firewall ကိုလဲ ပိတ်တတ်နေပါပြီ။
Security notification ကိုလဲ ပိတ်တတ်နေပြီ ၊ antivirus တော်တော်များများကိုလဲ ပိတ်တတ်နေပြီဗျ …
ဒါဆို ဒီကောင်လေး ခင်ဗျားကွန်ပျူတာထဲမှာ ရှိမရှိ ဘယ်လိုသိနိုင်မလဲ …
ကျွန်တော်တို့ အလွယ်ပဲပြောရအောင် ..( သိတယ်မှတ်လား ကိုတာက ခက်ရင်သိပ်မကြိုက်ဘူး .. :P )
၁။ ခင်ဗျားကွန်ပျူတာဟာ Safemode မှာ မတတ်တော့ပါဘူး
၂။ အချို့သော ဆော့ဖ်ဝဲ (တော်တော်များများ) ဖွင့်လို့မရတော့ပါဘူး

ကောင်းပြီ ကျွန်တော်တို့ ဒီကောင့်ကိုဖယ်ထုတ်ပစ်ရအောင်
ကွန်ပျူတာကို network တပ်ဆင်ထားရင် ဖြုတ်လိုက်ပါ
System restore ကိုလဲ ပိတ်လိုက်ပါအုံး
ပြီးတော့ ဒီဖိုင် လေးကို ဒေါင်းလုပ်ချလိုက်ပါ ( rightclick ကနေ install လဲ လုပ်ပေးလိုက်ပါ)
နောက်ကွယ်မှာ ရမ်းနေတဲ့ process တွေအတွက်ကတော့ hijackthis. နဲ့ ရှင်းလိုက်ပါ
ပြီးရင် Norman Malware Cleaner ကို ဒေါင်းလုပ်ဆွဲ ပြီး နောက်ဆုံးပိတ်ရှင်းလိုက်ပါတော့
မှတ်ချက် ။ ။ ဒါမှ ဒီကောင်ရှိနေသေးရင်တော့ ကွန်ပျူတာကို တူနဲ့သာ ထုလိုက်ပါ ဟိဟ

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top