(၁) Serial Number Cracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။
(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Software company တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှ ကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။ Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Code ကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။
(၃) Executable File & Others File Adding Cracking
တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation လည်းမတောင်းပါ။ ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။ အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။ ထိုကဲ့သို့ software မျိုးဆိုလျှင် Exe file replace လုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။ ဥပမာပြရလျှင် Photoshop CS3 ဆိုလျှင် ထိုကဲ့သို့လုပ်ရပါသည်။ Installer CD အတွင်းရှိ Crack Folder ထဲတွင်ရှိသော Photoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folder ထဲသို့ Replace လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။
(၄) Registration File Cracking
တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။ ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။ တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို Crack လုပ်ရန် ထို License key ကို အင်တာနက်ထဲရှာရပါသည်။ တွေ့တဲ့အခါမှာ ကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို disable လုပ်ရပါသည်။ မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ ကိုယ့် Kaspersky ရဲ့ License Key ကို လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း သိသွားနိုင်ပါသည်။
Crack လုပ်ခြင်း၏ အကျိုးရလဒ်များ
Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရသည်တော့မှန်ပါသည်။ သို့သော်လည်း ထို Crack File များတွင် Virus များ၊ Spyware များ ပါလာလေ့ရှိပါသည်။ ထို့ကြောင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။
( ကိုသူရိန်ရဲ့ အိုင်တီမန်း ဘလော့ခ် မှ ကူးယူဖော်ပြပါသည် )
Home
»
»Unlabelled
» Software များကို Crack လုပ်ကြရအောင်
Recent Posts
Canon ip 7270 Driver
Canon ကုမ္ပဏီ မှ အသစ်ထပ်ထုတ်လိုက်တဲ့ Printer တစ်ခုပါ မော်ဒယ်လ် နံပါတ်ip 7270 နဲ့ ထုတ်လိုက်တာ ... ink [...]05Aug2014
ကျွန်တော့် Blog ကို Mobile ပေါ်မှာလည်း Offline အနေနဲ့ ပြန်ဖတ်နိုင်ပါပြီ
ကျွန်တော့် Blog လေးကို လာရောက်လည်ပတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ဒီနေ့က စပြီး ကျွန်တော့် Blog အပါအ၀င[...]29Jan2014
MoMo Tablet Firmware များ
M0M07-SDK2.0-2918-20111115.rar MOMO MINI软件-2818 20110929.rar MOMO1,MOMO3 2.2软件718D-2818 20110625.[...]28Jan2014
VRoot နောက်ဆုံးဗားရှင်း (သို့မဟုတ်) ဖုန်းအမျိုးပေါင်း 3000 ကျော်ကို Root ပေးနိုင်တဲ့ RootTool
VRoot နောက်ဆုံးထွက်ဗားရှင်းလေးတွေ့လို့ တင်ပေးလိုက်တယ် 1. Android ဖုန်းကို PC နဲ့ ချိတ်ပြီး Driver [...]22Dec2013
iOS 7 Jailbreak
Iphone နဲ့ iPad များအတွက် iOS-7 ကနေ 7.0.4 အထိ untethered Jailbreak လုပ်နိုင်ပါပြီ နာမည်ကြီး Jailbr[...]22Dec2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.