Deep Freeze လည်းတင်ထားတယ်ဗျာ။ Kapsersky 7.0 ကိုလည်း တစ်ပတ်တစ်ခါ Update ပုံမှန်လုပ်တယ်။ ဒီကြားထဲကကို အဲဒီကောင်က ဘယ်ကနေဘယ်လို ၀င်သွားမှန်းမသိဘူး။ Kapsersky 7 ကလည်း ဒီကကောင်က ဗိုင်းရပ်စ်မှန်းသိလို့ အဲဒီဖိုင်ကို Scan စစ်ပါတယ်ဆိုမှ No Threats Detected တဲ့။
အဲဒါနဲ့ပဲ Kaspersky 2010 ကို တင်ကြည့်လိုက်တယ်။ Key တောင်းတော့ ၀ယ်သုံးထားတဲ့ 2009 key လေးကို ထည့်ကြည့်လိုက်တယ်။ အံမယ် ရတယ်ဗျ။ ကျွန်တော်က 2010 အတွက် key သပ်သပ် ရှိတယ် ထင်နေတာလေ။ ပြီးတော့ Update လုပ်တယ်။ အဲဒီအကောင် အောင်းနေတဲ့ C:\Windows\System32 ကို စစ်လိုက်တယ်။ အံမယ် Kaspersky 2010 က ချက်ချင်းတွေ့တယ်။ သတ်ပစ်တယ်။ အဲဒီမှာ Kaspersky 2010 ကို ခိုက်သွားတာပါပဲ။
ကျွန်တော်အစက ထင်တာက 2010 က Virtual Keyboard တို့ IM Protection စတဲ့ Features တွေ ထပ်ထည့် ထားတာပဲထင်နေတာ။ Detection ပိုင်းမှာ 7 နဲ့ အတူတူလောက်ပါပဲလို့ ထင်ပြီး Upgrade လုပ်ဖို့ မစဉ်းစားခဲ့ဘူးလေ။ အခုမှ Detection ပိုင်း တော်တော်လေးကွာမှန်း သိသွားတယ်။
စာဖတ်သူလည်း 2010 ကို ချက်ချင်း Upgrade လိုက်လိုက်ပါတော့ဗျာ။ မဟုတ်ရင်တော့ Flystudio နဲ့ ပျာသွားလိမ့်မယ်။
Trojan.Flystudio.pl
အဲဒီအကောင်ဝင်ရင် C:\Windows\System32 အောက်မှာ 46ED08 (Random) စတဲ့ Folder တွေ ရောက်နေပါလိမ့်မယ်။ Task Manager မဖျောက်ပါ။ Folder Option မပျောက်ပါ။ အားလုံး ပုံမှန်အတိုင်းပါ။ သိသာတာ တစ်ခုကတော့ အချိန်ပြောင်းမရတော့ပါ။ User Account Pictures တွေ မရှိတော့ပါ။ target အနေနဲ့ သူက Kernel32.dll ဖိုင်ကို ဖျက်ပါလိမ့်မယ်။ ဒါကြောင့် Windows တက်တဲ့အခါမှာ Failed to load kernel library ဆိုတဲ့ error message box တစ်ခု အမြဲတမ်း ပေါ်လာပါလိမ့်မယ်။
ပြန့်ပွားနှုန်းကတော့ အတော်မြန်ပါတယ်။ Network မှာရှိတဲ့ ပီစီတွေ တစ်လုံးမကျန် ကူးကုန်ပါတယ်။ USB က ကူးတာကတော့ ပြောစရာကို မလိုတော့ဘူး။ မူရင်း Folder တွေကို ဖျောက်ပစ်ပြီး အဲဒီ Folder နာမည်နဲ့ exe တွေ ဖန်တီးပစ်ပါတယ်။ ဒါကြောင့်မို့ စာဖတ်သူအနေနဲ့ ဒါမျိုး Trojan ရန်ကနေ ကာကွယ်ဖို့ Folder Options ထဲက Hide extensions ကို ဖြုတ်ထားဖို့လိုပါတယ်။ ပြီးတော့ Show Hidden Files ကိုရွေးပြီး Hide Protected Operating System files ကိုလည်း အမှန်ခြစ်ဖြုတ်ထားဖို့ လိုပါတယ်။
ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖျက်ဆီးသလဲဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး။ ကျွန်တော်က အဲဒီကောင် အရိပ်အယောင်မြင်တာနဲ့ သတ်ပစ်လိုက်တာကိုး။
( အိုင်တီမန်း မှ ကူးယူဖော်ပြပါသည် )
Related Posts
Rar Password Recovery Magic
Win Rar နဲ့ Archive လုပ်ပြီး သိမ်းထားတဲ့ .rar ဖိုင်တွေရဲ့ Password တွေကို Recover လုပ်ဖို့ ပြန်ဖော်ဖ[...]06May2011
2010 ခုနှစ် ထိ ထွက်ရှိသမျှ Microsoft ထုတ်ကုန်တွေကို Activate လုပ်ကြရအောင်
Billgate ရဲ့ နားရင်း ( ခုနှစ်ချက် ) အုပ်တာကို ခံပြီး ရှာဖွေ စုဆောင်းတင်ပေးလိုက်တဲ့ Post လေးပါWindows[...]06May2011
မိုဘိုင်းလ် ထဲက ဒေတာတွေအကုန်လုံးကို synchronize လုပ်ပေးနိုင်တဲ့ Software
Mobile Phone ထဲမှာ အရေးကြီးတဲ့ Phone books data လိုဟာမျိုးတွေကိုတော့ PC ဆီကို Synchronize လုပ်နိုင်ေ[...]28Apr2011
Window 7 အတွက် Deepfreeze
Deepfreeze ဆိုတဲ့ နာမည်ကို အင်တာနက်ဆိုင်ပိုင်ရှင်တွေကတော့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ ...User [...]24Apr2011
WiFi Signal Strength
အင်တာနက် အသုံးပြုမှုမှာ ခုတစ်လော အကြားရများလာတဲ့စကားလုံးတစ်ခုကို သတိပြုမိမယ်ထင်ပါတယ် ၀ိုင်ဖိုင် ဆိုတာ[...]02Mar2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.