Harddrive တွေဟာ လွတ်ကျလို့ပဲဖြစ်ဖြစ်၊ Overheat ဖြစ်လို့ပဲဖြစ်ဖြစ် ၊ သက်တမ်းကုန်နေ လို့ပဲဖြစ်ဖြစ် မတော်တဆ ချို့ယွင်းမှုကြောင့်ပဲဖြစ်ဖြစ်ပျက်တတ်ပါတယ် ။

ဖြေရှင်းချက်
ဟာ့ဒစ် ပျက်စီးရတဲ့ အကြောင်းအရင်း ကို အတတ်နိုင်ဆုံးပြန်လည်သုံးသပ်ကြည့်ပါ ။ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေပေါ်မူတည်ပြီး ပြန်လည် လုပ်ဆောင်ရမယ့် Step တွေကတော့ ကွာခြားနေမှာပါ ။
တကယ်လို့ ဟာ့ဒစ် က Detect တော့သိတယ် … ဒါပေမယ့် ရေးမရ ၊ ဖတ်မရတော့ဘူးဆိုရင်တော့ data တွေ ပိတ်ဆို့ ချို့ယွင်းနေတာကြောင့် ဟာ့ဒစ် ရပ်တန့်သွားတာ ဖြစ်နိုင်ပါတယ်
အောက်ပါအဆင့်များနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်
1။ harddisk ဟာ ဘာမှ အလုပ်မလုပ်ခဲ့ရင် တခြား drive ထဲကိုလည်း ကော်ပီကူးထည့်လို့ရမှာ မဟုတ်ပါဘူး။ Harddisk ဟာ IDE interface ဆိုရင် IDE Cable ကို စစ်ကြည့်ပါအုံး … တစ်ခါတစ်လေမှာ cable လွတ်နေတာမျိုးဆိုရင်လည်း ပြန်ထိုးလိုက်ရင် ကောင်းသွားပါလိမ့်မယ် ။
2။ Knoppix လိုမျိုး boot CD တစ်ခုခုသုံးပြီး boot လုပ်ပါ။ HDD ကို ဖတ်လို့ရသလား စမ်းကြည့်ပါ ။ data တွေကို တခြား Hdd တစ်လုံးထဲ ကူးထည့်ပြီး HDD ကို format ပြန်ချကြည့်ပါ တစ်ခါတစ်လေလည်း အဲဒီလို format ချလိုက်ရုံနဲ့လည်း ကောင်းသွားတတ်တဲ့ ဥပမာ တွေရှိပါတယ် ။
3။ ကလစ်ကလစ် နဲ့ ထူးဆန်းတဲ့ အသံမျိုးတွေကြားနေရပြီဆိုရင်တော့ HDD မှာ badsector တွေရှိနေလို့ ဖြစ်နိုင်ပါတယ် ။ HDD regenerator ကနေ badsector တွေရှိနေခဲ့ရင် ဖော်ပြပေးပါလိမ့်မယ် … ။ အဲဒီဆော့ဖ်ဝဲကို full version သုံးနိုင်ခဲ့ရင်တော့ bad sector တွေရဲ့ တည်နေရာကို မှတ်သားထားပြီး သူက ကျော်ခွ သွားနိုင်အောင် recovery လုပ် ပေးပါလိမ့်မယ် …။
4။ ဖော်ပြပါ နည်းလမ်းတွေနဲ့ လည်း လုပ်ကြည့်လို့အဆင်မပြေသေးဘူးဆိုရင်တော့ Data Recovery Service ပေးနိုင်တဲ့ နေရာမျိုးကို အပ်ကြည့်ပါ ။
5။ နောက်တစ်နည်းက harddisk ကို အပြားလိုက်ကိုင်ထားပြီး ညာဘက်သို့ (နာရီလက်တံအတိုင်း) ကို ခပ်မြန်မြန်လေး ဝှေ့ယမ်းလိုက်ပါ ။ အဲဒီလိုမျိုး အကြိမ်တော်တော် များများ လုပ်လိုက်ပါ ။ ဒီလိုလုပ်တာမျိုးကို Stiction (Static Friction) နည်းလမ်းလို့ ခေါ်ပါတယ်။ Drive ရဲ့ Platter ပြား ကျပ်ပြီး မလည်တာမျိုးဆိုရင် ပြန်လည်ကောင်းမွန်သွားပါတယ်။
6။ watt အား များတဲ့ PSU နဲ့ တပ်ပြီးစမ်းကြည့်ပါအုံး …. HDD ကတော့ ၀ပ်အားပို သုံးမှာ မဟုတ်ပေမယ့် ၀ပ်အားများတဲ့ ပါဝါဆပ်ပလိုင်းမှာ ပြောင်းတပ်လိုက်လို့ အလုပ်လုပ်သွားတဲ့ HDD တွေလည်း ရှိပါတယ် ။

အထက်ပါနည်းလမ်းတွေနဲ့မှ မရတော့ဘူးဆိုရင်တော့ စိတ်ချရတဲ့ Recovery Service ကိုသာ အပ်လိုက်ပါတော့ … အခြေအနေပေါ်မှာ မူတည်ပြီး ဈေးနှုန်းကတော့ သေးမှာ မဟုတ်ပါဘူး
( ကိုယ့်ဒေတာဟာ ပေးရမယ့် တန်ကြေးနဲ့ တန်မတန် ဆုံးဖြတ်ပါ )
( ဒေတာက ဟာ့ဒစ်လောက် အရေးမပါဘူးဆိုရင်တော့ HDD အသစ်တစ်လုံးသာ ၀ယ်တပ်လိုက်ပါ )

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top