မြန်မာစာ စနစ်ကို ပိုမိုကျယ်ပြန့်အောင် အသုံးပြုနိုင်ဖို့ ၀ိုင်းဝန်းကြိုးစားနေတဲ့အဖွဲ့တွေရှိတဲ့ထဲကမှ prince Kanaung Project ဆိုပြီး
ပရောဂျက်လေး တစ်ခု လုပ်ထားတာကို ကျွန်တော်တွေ့မိလိုက်ပါတယ် .. အရမ်းကို ပြောင်မြောက်တဲ့အတွေးလေးကလဲ နှစ်သက်စရာပါ
မြန်မာတို့ရဲ့ ဂုဏ်ယူစရာ မြန်မာ့တီထွင်မှုရဲ့ pioneer ဖြစ်တဲ့ ကနောင်မင်းသားကြီးရဲ့ နာမည်ကို ခံညားစွာ ယူထားတဲ့ အဖွဲ့လေးရဲ့ စေတနာက .. မြန်မာစာ လက်ကွက် ဘယ်လက်ကွက် ဘယ်ယူနီကုတ် နဲ့ ရိုက်ထားတဲ့စာကိုဖြစ်စေ .. ဘယ်ယူနီကုတ်ဘယ်လက်ကွက်ကိုမဆို အပြန်အလှန် ပြောင်းပေးနိုင်တဲ့ utility လေးပါ .. အရမ်းသုံးလို့လဲ အဆင်ပြေနေတာ တွေ့ရပါတယ်
သူငယ်ချင်းတို့လဲ မိုင်မြန်မာ ယူနီကုဒ် လက်ကွက်နဲ့ မရိုက်တတ်ရင် ရိုက်တတ်သလိုသာ ရိုက်ပီး မြန်မာယူနီကုဒ်နဲ့ ရိုက်ထားသလို ပြောင်းလဲယူလို့ရပါတယ် ... ကျုပ်တို့တောင်ငူမှာတော့ဗျာ ယူနီကုဒ်နဲ့စာရိုက်စားတဲ့လူတွေက တစ်ရွက်ကို ပုံမှန်သုံးရာယူတာကနေ ယူနီကုဒ်နဲ့ဆို ငါးရာယူသဗျ .. ရုံးသမား သူငယ်ချင်းလေးတွေခဗျာ ပေးရရှာတာပဲလေ .. ခုတော့ အလကား လုပ်လို့ရတွားပီပေါ့ ... ရုံးက သူငယ်ချင်းတွေရေ .. ဒီသတင်းကောင်းလေးအတွက် ကျွန်တော့်ကို ကျေးဇူးမတင်ပဲ ကနောင်မင်းသားကိုသာ ကျေးဇူးတင်ပေးကြပါနော် .. :P ဒီမှာဒေါင်းလိုက်ပါ
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.