Download ချလို့ ရလာတဲ့ဖိုင်ကို C အောက်ကို ရွေ့ပြီး HeroRoot ဟူ၍ ပြောင်းပါ (Eg. C:HeroRoot)
Step 1 – Flashing the Recovery
- သင့်ဖုန်းတွင် USB debugging ကို Enable လုပ်ပေးပါ > Settings > Applications > Development
- ပြီးလျင် သင့်ကွန်ပျူတာတွင် Command Prompt ကိုဖွင့်ပါ (Search for cmd or Start > Run then type cmd.exe)
- Command ထဲတွင် cd / လို့ရိုက်ပြီး enter ခေါက်ပါ။ ပြီးလျှင် cd HeroRoot လို့ရိုက်ပြီး enter ခေါက်ပါ ။ C:HeroRoot သို့ ရောက်သွားလျှင်
- runindos.bat လို့ရိုက်ပြီး enter ခေါက်ပါ
- Script ဟာ သူ့ဟာသူ အလုပ်လုပ်နေကြောင်း ကွန်ပျူတာမှာ တွေ့ရပါလိမ့်မယ်
- သင့်ဖုန်းဟာ အလိုလို reboot လုပ်နေမှာဖြစ်ပြီး နောက်ဆုံး recovery mode ကို reboot လုပ်သွားပါလိမ့်မယ်
Step 2 – Flashing a Custom ROM
- recovery ထဲ ရောက်သွားပြီ ဆိုလျှင် trackball ကိ ုသုံးပြီး အောက်ဆင်းပြီး Backup/Restore ကိုရွေးပေးပါ။
- ပြီးလျှင် Nand Backup ကိုရွေးပြီး home key ကိုနှိပ်လိုက်ပါ။ ဖုန်းရဲ့ လက်ရှိ အနေအထားကို Backup လုပ်သွားမှာ ဖြစ်ပါတယ်။
(မှတ်ချက် - နောင်တစ်ချိန် တစ်ခုခု ဖြစ်လို့ လိုအပ်ပါက ထို Nand Backup ကို Restore ပြန်လုပ်ပါ) - ပြီးလျှင် ROM ကို Download လုပ်ရမှာ ဖြစ်ပါတယ်။ XDA Developers Forum မှာ Custom ROM တွေ အများကြီးရှိပါတယ်။ ကျွန်တော် ကတော့ Modaco Android 2.1 ကို သုံးဖို့ အကြံပြု ချင်ပါတယ်။
http://hero-roms.blogspot.com/ မှာလဲ ROM တွေ အများကြီး ရှိပါတယ်။ - မိမိ စိတ်ကြိုက် ROM တစ်ခုကို Download လုပ်ပြီးပြီ ဆိုလျှင် recovery ထဲတွင် USB-MS toggle ကို ရွေးပြီး ခဏစောင့်ပါ Computer တွင် USB Storage အနေနဲ့ ပေါ်လာပါ လိမ့်မယ်။ သင် Download လုပ်ထားတဲ့ ROM ဖိုင် (zip ဖိုင်) ကို SD Card ထဲသို့ကူးထည့်ပါ။ မည်သည့် Folder အောက်ထဲကိုမှ မထည့်ပါနဲ့။
- ပြီးလျှင် home ခလုပ်ကိုနှိပ်ပြီး USB storage ကို Disable လုပ်လိုက်ပါ။
- ပြီးလျှင် Recovery မှာပဲ Wipe ကိုရွေးပြီး Wipe data/factory reset ကိုရွေးပါ။
- ပြီးလျှင်တော့ သင် လိုချင်တဲ့ ROM ကို သွင်းရတော့မှာ ဖြစ်ပါတယ်။ Recovery ထဲတွင် Flash zip from sdcard ကိုရွေးပါ၊ ပြီးလျှင် စောစောက သင် Download လုပ်ထားတဲ့ ROM Zip File ကို ရွေးပေးလိုက်ပါ။ Recovery က Rom ကို သွင်းနေကြောင်း ပြပါလိမ့်မယ်။
- ပြီးလျှင် Reboot system now ကို ရွေးပေးလိုက်ပါ … ပထမဆုံး Boot လုပ်တဲ့အချိန် နည်းနည်း ကြာပါလိမ့်မယ် ပြီးရင် Setting တွေ လုပ်ခိုင်းပါလိမ့်မယ်။
- ပြီးလျှင်တော့ သင့်ရဲ့ ဖုန်းဟာ အောင်မြင်စွာ Root လုပ်လို့ပြီးသွားပါပြီ။
Step 3 – Install Myanmar Font into Phone
- Update Myanmar Font Signed ကို Download လုပ်ပြီး Phone SD Card ထဲ ထည့်ပါ၊ မည်သည့် Folder အောက်ကိုမှ မထည့်ပါနဲ့။
- သင် Root ပြီးပြီ ဆိုလျှင် ဖုန်းကို ပိတ်ပြီး … Home + Power Turn On Key ကို တစ်ပြိုင်တည်း နှိပ်ပြီး Recovery Mode နဲ့ဖွင့်ပါ။
- Recovery Mode ကို ရောက်ပြီဆိုလျှင် Flash zip from sdcard ကိုရွေးပါ၊ ပြီးလျှင် စောစောက သင် Download လုပ်ထားတဲ့ update-MyanmarFonts-signed.zip ကို ရွေးပေးလိုက်ပါ။ သူသွင်းနေကြောင်း ပြပါလိမ့်မယ်။ ပြီးလျှင် Reboot လုပ်လိုက်ပါ။
- ဒါဆို သင့်ရဲ့ဖုန်းမှာ မြန်မာလို မြင်ရပြီ ဖြစ်ပါတယ် Keyboard လေးကို သွင်းထားပါက ပိုပြီး ပြည့်စုံသွားမှာပါ။
မှတ်ချက် – Root မလုပ်ပဲ မြန်မာစာ သွင်းလို့ရလား? Root ရမှာ ကြောက်တယ် ဆိုသူများကို ကျွန်တော် က ရတယ်လို့ပဲ ဖြေလိုက်ပါတယ် ခင်ဗျာ။ သူများ ဖုန်းတွေတော့ မသိဘူး .. ကျွန်တော့်ဖုန်းက ရတယ် ဗျ
Root မလုပ်ပဲ သွင်းချင်သူများ Step 1 – Flashing the Recovery မှ 1 to 7 အကုန်လုပ်ပါ Step 2 မှ 1 နဲ့ 2 ကို သာလုပ်ပါ ပြီးလျှင် Reboot လုပ်ပြီး။ Step – 3 ကို လုပ်ပါ ဒါဆို ရပါပြီ …
တစ်ခြားဖုန်းများအတွက်လည်း ရှာဖွေတင်ဆက်သွားဦးမှာ ဖြစ်ပါတယ်ခင်ဗျာ ကျေးဇူးတင်လျှက်။
Credits :
http://rootmydroid.co.uk/guides/hero/howto-root-your-htc-hero-new/ ကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
မြန်မာ Font သွင်းနည်းမှာ
http://www.myanmartutorials.com/mm-tutorials/release/keyboard/myandroid-soft-keyboard-zawgyi-beta/
မှာရေးထားတဲ့ Cary ရဲ့ comment ကိုပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။
0 comments:
Post a Comment