User တွေအတွက် ထပ်မံရည်ရွယ်ပြီး ဒီ post ကို ရေးဖြစ်ပါတယ် ..။
Deepfreeze ဆိုတဲ့ ဆော့ဖ်ဝဲက ကွန်ပျူတာတစ်လုံးကို Console ဂိမ်းစက်သဖွယ် ပြုမူ လုပ်ကိုင်စေတဲ့ Tool လေး တစ်ခုပေါ့ .. သူက ကွန်ပျူတာမှာ install လုပ်ထားမယ် .. C: ကို Freeze လုပ်ထားမယ် ဆိုပါစို့ .. ခင်ဗျားဟာ C: ထဲမှာ ဘာမှ အသစ် ထပ်မံဖန်တီးယူလို့ မရသလို ဖျက်ဆီးလို့လဲ မရပါဘူး .. အကြောင်းက Deepfreeze က C: ကို Freeze လုပ်ပစ်လိုက်လို့ပါ ... ဒီတော့ဗျာ ကောင်းကွက်ကတော့ C: ထဲမှာ Virus ၀င်လဲ ၀င်းဒိုးစနစ်ကို မထိခိုက်တော့ဘူးလေ .. Computer ကို Restart လုပ်လိုက်ရုံ နဲ့ Deepfreeze က သူ အရင် Freeze လုပ်ခဲ့တဲ့ အခြေအနေတစ်ခုကို ပြန်သွားမှာမို့ပါ .. Reg: ရော Data ပိုင်းရော အကုန်လုံးကို သူ Freeze လုပ်ခဲ့တဲ့အတိုင်း ပြန်ထားပါလိမ့်မယ်.. ဒီတော့ Virus ၀င်လဲ Restart လုပ်လိုက်ရုံပဲပေါ့ ... ဆိုးတာက တော့ဗျာ .. သူ Freeze လုပ်လိုက်တဲ့ partition တွေ အကုန်မှာ folder အသစ်လေးဆောက်မိရင်လဲ Restart လုပ်လိုက်ရင် မရှိတော့ပါဘူး .. သီချင်းလေး အသစ် ထည့်မိရင်လဲ restart လုပ်လိုက်ရင် ရှိတော့မှာမဟုတ်ဘူးလေ ... နောက်ပြီး Virus ဆိုတဲ့အမျိုးကလဲ C: ထဲတင် ၀င်တာမှ မဟုတ်တာ D: , E: , F:, ရှိရှိသမျှ partition နဲ့ Drives တွေထဲ လိုက်ဝင်နေမှာဆိုတော့ Antivirus တစ်ခုခုသာ တင်မထားရင် အလကားပဲပေါ့ ... Antivirus လဲ တင်ထားမယ်.. Deepfreeze လဲ သွင်းထားမယ် .. Data ကိုလဲ D: , E: , စတဲ့ ext: Partition တစ်ခုခုမှာပဲ သိမ်းမယ်ဆိုရင်တော့ Service Charge (ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းစရိတ်) လျှော့ချပေးနိုင်တဲ့ tool ကောင်းလေး တစ်ခုပေါ့ ( သြော် တစ်ခုပဲဗျာ ခင်ဗျား တင်တုန်းမှာ ပေးခဲ့မယ့် password လေး တော့ မမေ့စေချင်ဘူးဗျ ) Deepfreeze6 အတွက်ပဲ Password ဖြေလို့ရသေးလို့လေ ... ကဲ .. အားလုံးအဆင်သင့်ဖြစ်ပီဆိုရင်တော့ ဒီမှာဒေါင်းပါ ...( Download အတွက်ကတော့ ကျွန်တော်က Mother Site ကပဲ ဒေါင်းစေချင်လို့ Mother Site ကိုပဲ ညွှန်းထားပါတယ် Form တော့ ဖြည့်ရပါလိမ့်မယ် )
သူ့အတွက် Serial No: ကတော့
Deepfreeze7 : 7Q4N1W4C-QVT7ZQT5-A2VVFD4B-EFV0DQHH-1FYXQCRZ
0 comments:
Post a Comment