တစ်ရက်က HP အမျိုးအစား Laptop တစ်လုံးကို Driver တင်ပါတယ်။ Wifi Driver မရှိလို့ HP Website ထဲကနေ Compaq 511 လို့ ရိုက်ထည့်ရှာပြီး Wifi Driver ရှာကြည့်ပါတယ်။ အဲဒီအခါမှာ HP က Broadcom ရယ်၊ Intel Wifi ရယ်ဆိုပြီး နှစ်မျိုးထုတ်ပေးပါတယ်။ ဘာမှန်းမသိတာနဲ့ Broadcom Wifi Driver ကို Download ဆွဲပြီး တင်ကြည့်ပါတယ်။ မရပါ။ အဲဒါနဲ့ Intel Wifi Driver ကို Download ထပ်ဆွဲပါတယ်။ တင်ပါတယ်။ မရပါ။ ဟ ဘယ်လိုဖြစ်တာလဲပေါ့။ Broadcom ရယ် Intel ရယ် နှစ်မျိုးတည်း ပေးထားတာ နှစ်မျိုးစလုံး တင်မရတော့ ခေါင်းစားသွားပါတယ်။

အဲဒီတော့ ဒီ Laptop မှာပါတဲ့ Wireless Chip က ဘာအမျိုးအစားလည်းဆိုတာ သိဖို့အတွက် စုံစမ်းကြည့်ပါတယ်။ PC Wizard 2010 ကိုတင်ပြီး စစ်ကြည့်ပါတယ်။ PC Wizard လည်း မသိပါ။ အဲဒါနဲ့ Laptop ကိုဖွင့်ပါတယ်။ အထဲက Wireless chip ရဲ့ Product Code ကို ဖတ်ကြည့်ပါ။ ဘာတွေရေးထားမှန်းမသိတော့ နားတောင်မလည်ပါ။
အဲဒါနဲ့ Googling လုပ်ရင်း နည်းလမ်းတစ်ခုကို တွေ့သွားပါတယ်။ Hardware ID ကို အသုံးပြုပြီး Driver ရှာနည်းလေးပါ။ အဲဒါလေးကတော့ ဒီလိုပါ။


Device Manager ကနေ Missing Driver ဖြစ်နေတဲ့ Device ပေါ်မှာ Right Click နှိပ်ပြီး Properties ရွေးပါ။


Dialog Box ပေါ်လာတဲ့အခါ Details ကိုနှိပ်ပါ။
Property combox box ထဲက Hardware ID ကို ရွေးပါ။
အဲဒီအခါ အဲဒီ Device ရဲ့ Hardware ID တွေ ပေါ်လာပါလိမ့်မယ်။ နမူနာ ဒါမျိုးပါ။


PCI\VEN_1969&DEV_1062&SUBSYS_E0001458&REV_C0


VEN က Vender ကို ပြေတာပါ။ DEV ကတော့ Device ID ကို ဆိုလိုတာပါ။ ကျွန်တော်မှန်းကြည့်သလောက် Manufacturer တွေအတွက် Vender နံပါတ်တွေ တစ်မျိုးချင်းစီ ရှိပုံရပါတယ်။ နမူနာမှာဆိုရင် Vendor နံပါတ်က 1969 ပါ။ 1969 ရဲ့ Manafacturer က Atheros ပါ။

ဒါဆိုရင်ရပါပြီ။ Google မှာ VEN_1969&DEV_1062 Driver ဆိုပြီး ရိုက်ထည့်ရှာလိုက်ရုံနဲ့ အဲဒီ Device ရဲ့ Driver တွေကို ရှာတွေ့ပါလိမ့်မယ်။ ဒီ Hardware ID ကြည့်တဲ့ နည်းလမ်းကို အသုံးပြုပြီး Device Manager က Unknown Device ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါတယ်။ Unknown Device တစ်ခုရဲ့ Hardware ID ကို Google မှာ ရိုက်ထည့်ရှာ လိုက်ရုံနဲ့ သူဟာ ဘာ Device ဖြစ်တယ်ဆိုတာ အဖြေပေါ်သွားလိမ့်မယ်။


Driver ပြဿနာများကို ဖြေရှင်းနိုင်ကြပါစေ။

( myanmaritmen မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ် )

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top