Apple Laptop တွေကို သရေကျခဲ့တာကြာပါပြီ။ ခု MacBook Pro ထိဆိုပါတော့။ကိုယ်တိုင်ကလည်း မ၀ယ်နိုင်သေးတော့ Windows PC ပေါ်မှာ Run လို့ရကိုရနိုင်ရမယ်လို့ စိတ်ကတော့ ထင်မိပါတယ်။ ဒါနဲ့ KoThurein ကိုမေးကြည့်တော့ ရတယ်တဲ့။ သူ့ဆီမှာတောင် MacOS Install DVD ရှိတယ်ဆိုတော့ Macရူးတဲ့ရောဂါက ကုလို့မရတော့ဘူး။ အင်တာနက်ထဲမှာလည်းဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့မွှေပါတယ်။ iATKOS, iPC, iDeneb, jas osx86,Kalyway, Installer DVD တွေလည်းတွေ့ပါတယ်။ KoThurein ဆီကရတဲ့ DVD က iATKOSv4i ပါ။ အစကတော့ ကျွန်တော် VMWare 7.0 ပေါ်မှာပဲ Run ကြည့်တော့ မရပါဘူး။ဒါနဲ့ Virtual Box ပေါ်မှာ Run ကြည့်တယ်။ မရပြန်ပါဘူး။ မထူးပါဘူး။ PCပေါ်မှာ တစ်ကယ် Install လုပ်ကြည့်တယ်။ Install အဆင့်ကနေဆက်တက်မလာဘူး။ဆက်ပြီးတော့လုပ်ဖို့ မအားတာနဲ့ ရပ်ထားလိုက်တယ်။ ဒီကြားထဲမှာ iATKOS i5,iPC ဆိုတာတွေလည်း ရူးပေါပေါနဲ့ Download ထိုင်ဆွဲလိုက်သေးတယ်။နှစ်ခုပေါင်း 5.5GB လောက်ရှိမယ်ထင်တာပဲ။ နောက်ဆုံးတော့လည်းခွေဆိုင်သွားပြီး မေးကြည့်လိုက်တော့ iATKOS v1 လေးတွေ့ပါလေရော။ အဲ့ဒီInsatller လေးနဲ့ Windows PC ပေါ်မှာ MacOSx 10.5.2 ကို ဘယ်လို Installလုပ်ရလဲဆိုတာပြန်ပြီး Share လုပ်လိုက်ပါတယ်။ခုကျွန်တော်စမ်းသပ်ခဲ့တာလေးကိုမသိသေးတဲ့သူတွေအတွက်၊မစမ်းသပ်ဖြစ်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ ( myanmaritmen မှ ကူးယူဖော်ပြပါတယ် )

0 comments:

Post a Comment

When you needs a hand remember KOTAR
 
Blogger TemplateKOTAR Computer Service © 2013. All Rights Reserved. Powered by Blogger
Top